0
  • Forum > ကမ္ဘာကျော် ဦးပိန်တံတဢ si
  • Display Mode:

4/23/2008 6:19 PM ကမ္ဘာကျော် ဦးပိန်တံတဢ si (4 Comments)

june3pooh

ကမ္ဘာကျော် ဦးပိန်တံတဢ si

မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ဖြတ်ဆောက်ထားသည့် ဦးပိန်တံတားမှာ ပြီးခဲ့သည့် ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တွင် လူများသဖြင့် ၀န်အားမနိုင်ဖြစ်ကာ ကျိုးကျသွားခဲ့ပါတယ်။ သင်္ကြန်ဆို ရေရေလည်လည်စည်တာလေ။ နံနက်ခင်း ကျုံးဘက်မှာ လည်လို့ပြီးရင် နေ့လည်ဘက်ကို မဟာမြတ်မုနိ၊ တောင်မြင့်၊ကန်တော်ကြီး သင်္ကြန်မဏ္ဍပ်တွေ လှည့်ပြီး ဦးပိန်တံတားဘက် သွားပြီး သွားနားကျတာပေါ.။

“တံတားက ကျိုးကျသွားတယ်။ လူကများတော့၊ တံတားကလည်း ဆွေးနေတော့ ဝိတ်မခံနိုင်ဘဲ ကျိုးကျတာလေ။ အလယ်လောက်က နှစ်ခန်းလောက် ကျိုးတာ။ အရှေ့ဘက် ဇရက်နှစ်ခန်း သုံးခန်းကြားမှာ ကျိုးသွားတယ်။ အဲဒီနေရာကို အခုအချိန်အထိ မပြင်ရသေးဘူး” ဟု မန္တလေး မြို့ခံတဦးက ပြောသည်။ အသေအပျောက်မကြားရသေးပေမယ်. ဒဏ်ရာရတဲ.သူတွေရှိတယ်လို.ဆိုပါတယ်။

မန္တလေး တိုင်း အမရပူရမြို့မှာ ရှိတဲ့ တောင်သမန် အင်းက ဦးပိန် တံတား ဟာ မန္တလေးမြို.ရဲ. နိုင်ငံခြားခရီးသွားတွေအကြား အထင်ကရ နေရာ ထဲ က တခုအပါဝင်ဖြစ်ပါတယ်။ အခု ရတနာပုံ တက်ကသိုလ် နဲ့ နီးတော့ပိုပြီး စည်း ကားနေတာပေါ့။ မန္တလေး မြို့ ကနေဆိုင်နဲ့သွားရင် နာရီဝက်ထက်ပိုမမောင်းရဘူး၊


ဦးပိန်တံတား ဟာ ၁.၂ ကီလိုမိတာ ရှည်ပြီး ကမ္တာအရှည်ဆုံး ကျွန်းသစ်တံတား ဖြစ်ပါတယ်။ ဦးပိန်တံတားကို ဆောက်လုပ်တဲ့သူ ကတော့ အမရပူရမြို့ဝန်(ဘိုင်ဆပ်) ရဲ့စာရေးဦးပိန်ဖြစ်ပြီးဘုရင့်နန်းတော်အား အင်းဝမြိုမှ အမရပူရမြို့သို့ အပြောင်း နန်းတော်ဟောင်းမှ အကြွင်းအကျန် ကျွန်းသစ်များနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ (၁၈)ရာစု ခန့်ကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
လှပသော သဘာဝပါတ်ဝန်းကျင် ရှုခင်းများနဲ့အတူ ကျွန်းသစ်တိုင်လုံးပေါင်း ၁၀၆၀ ထူးခြားဖွယ်ဆောက်လုပ်ထားခြင်းကြောင့် ကမာလှည့်ခရီးသွားတွေကြား မှာထင်ရှားတဲ့နေရာ တစ်ခုဖြစ်ပါတယ်

5/16/2009 6:45 PMRe: ကမ္ဘာကျော် ဦးပိန်တံတ

lilinfei
linfei 22, Guangxi, China
i like it very much!

5/16/2009 6:50 PMRe: ကမ္ဘာကျော် ဦးပိန်တံတ

lilinfei
linfei 22, Guangxi, China
-.-iii what happen our clerk(june3pooh)?

5/16/2009 7:38 PMRe: ကမ္ဘာကျော် ဦးပိန်တံတ

charlescharles
charles 34, Cali, Colombia
I like it .

7/30/2009 1:48 AMRe: ကမ္ဘာကျော် ဦးပိန်တံတ

htatmyo
htat 37, Saint Louis, Missouri, United States
အခုလို ရှင်းပြပေးတာကျေးဇူးတင်ပါတယ်...
Post Your Comment
Subject:
Comment :