1
  • Forum > onsaw ye (ka bya chit thu)
  • Display Mode:

9/12/2007 8:58 AM onsaw ye (ka bya chit thu) (4 Comments)

onsaw336
  • pyi
  • 59, Myanmar

onsaw ye (ka bya chit thu)

ဖြေ စရာ ဝေး သော ဝေဒနာ လေး
အ တိတ် က စိတ် တံ ခါး
ပိတ်လေ ငြား လည်း။
စိတ် တွေ တေ လေ
နေ လို ပူ လောင်
အ မုန်း မှောင် ထဲ
နေ ပေး ခဲ့ ရ။

အ လွမ်း အ ဆွေး
မပြေ ခင်
ဖြေစ ရာလေး လဲ ဝေး၊
ဒဏ်ရာလေးက
မျှား နှစ် စင်း ဒဏ်ကြောင့်
ဘ၀ ဆုံး ထိ
မေ့ လို့ ရ မယ် မ ထင်။
မေ (336)

9/12/2007 8:59 AMRe: onsaw ye (ka bya chit thu)

onsaw336
pyi 59, Myanmar
ကဗျာအိပ်မက်

စောင်းနှင့်လိပ်ပြာ
သံစုံတီးခတ်
ရင်ခုံရ၏
လိပ်ပြာပေးသော
အိပ်မက်တစ်ခု
ဖွားမြင်လာ၏
လပြည့်ည
ပျော်ရွှင်မြူးထူး
ရင်တါင်းဆွတ်ပျံ့
ရက်ရှည်လျားတိုင်
ခံစားနိုင်ကြ၏
လကွယ်လည်းရောက်
စောင်းသံပျောက်
ရင်ခုန်အိပ်မက်
ပျက်ပြယ်ပြီလား
စိုးရိမ်စိတ်ပူ
ခံစားတူသာ်
ကို နှင့် သူမ
ပြုံးမိလေ၏။

9/24/2007 4:40 PMRe: onsaw ye (ka bya chit thu)

onsaw336
pyi 59, Myanmar
ရှေးသရောအခါ
ရဇဂြိုလ်ပြည်နှင့်
ဝေသာလိပြည်....ပြည်နှစ်ပြည်ကြား
ဂင်္ဂါမြစ်လေး ခြားသတဲ့။
အုပ်စိုးဘုရင် လိစ္ဆ၀ီရှင်နှင့်
ဂေါတမမြတ်ဘုရား....ရာဇဂြိုလ်မှာ
ဝါဆိုနားတော်မူတယ်တဲ့။
ဝေသာလီမှာ
သီးနှံပျက်သုဉ်း
ငတ်မွတ်ခေါင်းပါး
ဘေးကြီးစိုက်ကာ
သေကြေနေကြရှာသတဲ့။
သေပျောက်များပြား
လူသေများ
ပုပ်ပွနေတော့တာပါဘဲ။
ဘီလူးသရဲတွေဝင်ကာစား
ထိုအလောင်းကောင်ပပ်များ။
တိုင်းသူပြည်သားလူအများ
လိစ္ဆ၀ီပေါ်
စုံစမ်းမည်ဟုကြံလေသော်
မင်းတွေကလည်း
ပြည်သူဘဲ
စွတ်ဆွဲ ကာဘဲနေကြသနော်
ကြံရာမဆုံး
နောက်ဆုံးကူညီရှင်ကြီးဂေါတမဆီ
ကယ်ရန်မနှေး
..ပင့်ရန်အကြံပေး
ပြေးလွှားလျောက်ထားကြပါလေတော့သည်။
ဘုရားမြတ်စွာ...ခြံရံငါးရာနှင့်ညီနန္ဒ..တို.တူတကွ
တံခါးဝမှစ
မြို့လယ်၊မြို့တွင်း.....ပတ်၍
ဒေသစာရီ..ကြွချီစေကာ
ရတနာသုတ်တော်
ဖတ်ရွတ်ပူဇော်
တော်မူလေခဲ့သည်။
ထိုအခါ
ရွာသွန်းမိုးရေ
ထစ်ချုံန်းစွေပြီ
ဝေသာလီပြည်ရေလွှမ်းမိုးပြီး
မျောပါလူသေ
ကင်းကွာလေတော့၏။
ထိုမှစ၍
ကပ်ကြီးသုံးပါး...ကျော်လွန်ငြား
ချုပ်နှောင်ဖွဲ့များ....လွတ်လိုငြား
စုန်းတစေ..မပြုစားလိုငြား
ထိုတရား
ရွတ်ပွားကြပါကုန်။

7/30/2009 9:10 AMRe: onsaw ye (ka bya chit thu)

smallsmile
small 20, Mandalay, Myanmar
ကောင်းလိုက်တာ..သူငယ်ချင်းရယ်..

9/19/2009 11:40 AMRe: onsaw ye (ka bya chit thu)

onsaw336
pyi 59, Myanmar
ချစ်မုန်း။ရုပ်နာမ်

သည် စ ကားလေးပေါ့
ချိုသာအိစက်
နှစ်သက်ဖွယ်ရာ
ကဗျာလေးများ
တေးသားများကို
ွရွရွရွတ် ဆို
လင်္ကာတစ်ပုဒ် က
ချစ်သည်တဲ့။

သည်စကားလေးဘဲ
ဆူးရှ ကြမ်းထော်
မုန်တိုင်းထန်သနော်
ကာရန်လည်းပျောက်
တေးလည်းမမြောက်
မုန်းသည်တဲ့။

အချစ်အမုန်း
ဒွံတွဲ နေသော
ဘဒ္ဒ ကမ္ဘာ ဤ မြေပေါ်မှာ
လွတ်ရာလွတ်ကြောင်း
တရားရှာသော်
ကိုယ်မှာတွေ့ပြီ
ရုပ်နဲ့ နာမ်တွေချည်းပါလား။
Post Your Comment
Subject:
Comment :